ကွမ်းခြံကုန်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၁၆ ရက်နေ့က တောကျောင်းကျေးရွာ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကွမ်းခြံကုန်းမြို့နယ်၊ ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးထိန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေ အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် ကုန်စည်/ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်း မပြုမှီ သတိပြုရမည့်အချက် အကြောင်းအရာများလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးအကြောင်း သိကောင်းစရာအကြောင်းအရာများကိုလည်းကောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား/သူ (၂၀၀) ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှူလေ့လာကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)