နမ့်စန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

နမ့်စန် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ()နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်စန်ခရိုင် ရဲတပ်ဖွဲ့က ဦးစီး၍ သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီ ချိန်တွင် နမ့်စန်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း နှင့် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ ယာဉ်ထိန်းတပ်ဖွဲ့များ၊ စုစုပေါင်းအင်အား (၅၈) ဦးခန့်က နမ့်စန်မြို့ အမှတ်(၅) ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်စီဂျင်စက်ရုံ အနီး ခြုံနွယ်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်နှင့်အမှိုက်များ ရှင်းလင်းစွန့်ပစ်ခြင်း၊ ရေမြောင်းများအတွင်း အမှိုက်များရှင်းလင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

သူရအောင်(နမ့်စန်)