အ-ထ-က(လဲချား)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

လဲချား စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်မှ ကမ္ဘာ့ဆရာများနေ့သတ်မှတ်ခဲ့ပုံ၊ ရည်ရွယ်ချက်၊ ပညာခေတ်တွင် ဆရာတို့၏ အရေးပါပုံစသည့်တို့ကို ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး “မွန်မြတ်လှပ ဆရာ့ဘဝ” ခေါင်းစဥ်ဖြင့် အလယ်တန်းအဆင့် (၁၅)ဦး၊ အထက်တန်းအဆင့်(၈)ဦး စုစုပေါင်း (၂၃)ဦး ပါဝင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)