လားရှိုး စက်တင်ဘာလ ၁၉
အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရာဂါ ကာကွယ်ဆေး (HPV) ပြည်နယ်အဆင့် ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီ ၃၀ မိနစ်အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦးက မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ဆေးစတင်ထိုးနှံမှုနှင့် လွှမ်းခြုံမှု အခြေအနေအကြောင်းကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲ၏ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာလင်းထက်အောင်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းစဉ်အကြောင်း အသေးစိတ်ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းအထိမ်းအမှတ် Video Clip ကို ပြသသည်။
ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသူများကို လက်ဆောင်ပစ္စည်းများပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ အသက်(၉) နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရာဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့် ပြခန်းငယ်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)