လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (HPV)သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အခြေခံကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချ

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (HPV)သားအိမ်ခေါင်းကကာကွယ်ဆေးထိုးနှံလုပ်ငန်းအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချခြင်းအခမ်းအနားကို  စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သင်တန်းဖွင့်လှစ်လျက်ရှိသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြည်သူများအားကျန်းမာကြံခိုင်စေရေးအတွက် (HPV)သားအိမ်ခေါင်းကာကွယ်ဆေးများထိုးနှံပေးခြင်းဖြစ်ကြောင်းကို ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးဒေါက်တာကြူကြူသင်းမှရှင်းလင်းပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးအတွက် အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း ဆေးထိုးရန်အကျုံးဝင်သည့် ကျောင်းသူများနှင့်အမျိုးသမီးငယ်များဆေးထိုးအဖွဲ့လိုက်တစ်ပြိုင်နက် ထိုးနှံပေးခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး(Human papilloma Virus Vaccine.HPV) သားအိမ်ခေါင်းရောဂါကာကွယ်ဆေးများထိုးနှံခြင်းလုပ်ငန်းကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက်(၉)ခုနှင့်ကျေးရွာ(၅)ရွာတို့တွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင်းမူ(ပြန်/ဆက်)