သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်လှစ်
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ကျိန္တလီမြို့တွင် (၂)နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Oct 02,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှ ညနေ(၃)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
မိုင်းခတ်၌ ‌‌တိုင်းရင်းသား‌ပြည်သူများအား  စားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက်  တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပန်းခြံရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ မွေးမြူရေးနှင့်အယ်လ်နီညိုအကြောင်း အသိပညာပေးဟောပြော
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မွေးမြူရေးနှင့် အယ်လ်နီညို အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 02,2023
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လေ့ကျင့်ရေးဘောလုံးကွင်း၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ် အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကျင်းပ
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် Royal-D အချိုရည်ကုမ္ပဏီတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်လေ့ကျင့်ရေးဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးဦးတည်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် အသက်(၁၄)နှစ်အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့၌ ကွမ်းဆေးမြောင်းမကြီးမှ သဲနုန်းများတူးဖော်ပေးခြင်းကြောင့် သီးနှံမျိုးစုံ (၈၀၀၀) ဧက ရေပြည့်ဝစွာပေးနိုင်တော့မည်ဖြစ်
Oct 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ‌(ငွေလုံး ငွေရင်းဖြင့်) ကွမ်းဆေးမြောင်းမကြီးမှ သဲနုန်းများ တူးဖော်ပေးခြင်းကြောင့် သီးနှံမျိုးစုံ(၈၀၀၀)ဧက ရေပြည့်ဝစွာ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ဂါဝရပြုထောက်ပံ့ငွေများ ပေးအပ်
Oct 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် “သက်ကြီးသူများ ဘဝသာယာဖို့ သက်ရွယ်စုံညီ ပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များသို့ သွားရောက်၍ ဂါဝရထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။