မိုင်းခတ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပန်းခြံရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကြက်ဥ၊ ကြက်သား၊ အသင့်စားအသားဗူးများ၊ ခေါက်ဆွဲခြောက်ထုပ်၊ ဘီစကစ်မုန့်ထုပ်၊ ပဒုမ္မာဆပ်ပြာမွှေးခဲ၊ သန့်စင်အဝတ်လျှော်ဆပ်ပြာရည်၊ သန့်စင်ပန်းကန်ဆေးဆပ်ပြာရည်တို့ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး ချဉ်ပေါင်ရွက်၊ ဖရုံရွက်၊ ဖရုံသီး၊ ကန်စွန်းရွက် အပါအဝင် ရာသီထွက် အခြားဟင်းသီးဟင်းရွက်မျိုးစုံတို့ကိုလည်း ရောင်းချပေးခဲ့ရာ ပြည်သူများက လွတ်လပ်စွာ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)