သတင်းများ

သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်(၁၁၁၀)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး(၂၁၆၂)ဦးတို့ကို (MCCT)အစီအစဉ်ဖြင့် ၁၄၀၈၆၅၀၀၀ သိန်း ထောက်ပံ့ပေးအပ်
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်(၁၁၁၀)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေး(၂၁၆၂)ဦးတို့ကို ၁၄၀၈၆၅၀၀၀ သိန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၉ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က ပြည်အေးခန်းမ၌ ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
ပြိုလဲနေအိမ်ထောင်စုအား ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်
Oct 01,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြိုလဲနေအိမ်ထောင်စုအား ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 01,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမတွင် ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်က အ.ထ.က (သခွတ်ကွင်း)ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
အ-ထ-က(မဲဇလီကုန်း)တွင် ကျောင်းကြက်ခြေနီနှင့်‌ ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြော
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အ-ထ-က (မဲဇလီကုန်း)ကျောင်းခန်းမ၌ မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ အင်္ဂပူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 01,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင်ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ၀.၉ ပေခန့် ရေကျော်ကျ
Oct 01,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက်တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်များ ရှိသည့်အနက် ဆဒ္ဒန်ဆည်‌ ရေလှောင်တမံမှာ စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ၀.၉ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်
Oct 01,2023
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောကျော်မင်းဦး စီစဉ်ညွှန်ကြားမှုဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးနိုင်ဝင်း ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများနှင့်အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သော စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။