တိုက်ကြီး အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မွေးမြူရေးနှင့် အယ်လ်နီညို အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော်က အယ်လ်နီညိုကြောင့်မွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မည့် ထိခိုက်နစ်နာမှုများကို အနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ကာကွယ်ကုသရန်နည်းလမ်းများနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် လုပ်ငန်းများ စသည့် အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်းသိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)