ကြံခင်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ကြံခင်း   အောက်တိုဘာ   ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ကော်မတီဝင် ဦးရဲထွန်းအောင်က ကြက်ခြေနီတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး မြို့နယ်တပ်ဖွဲ့မှူး ဦးရဲမြင့်မြတ်က ကြက်ခြေနီတပ်ဖွဲ့၏ အခြေခံမူ(၇)ချက်၊ ကြက်ခြေနီဆိုတာဘာလဲနှင့် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာများအား အသိပညာပေး ဟောပြောကြသည်။

ထို့နောက်တပ်ခွဲမှူးမိုးမင်းစန်း၊ တပ်ခွဲမှူးနိုင်နိုင်ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူနာဆန်းစစ်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုနည်း၊ သတိလစ်လူနာအား ဘေးစောင်းအနေအထား လက်တွေ့သရုပ်ပြ‌သကြခြင်းနှင့် နှာခေါင်းသွေးယိုထွက်ခြင်း၊ အရိုးကျိုးခြင်း၊ သွေးယိုစီးခြင်းလူနာများနှင့် ကြုံတွေ့လျှင် ပြုစုစောင့်ရှောက်ပေးရမည့်အချက်များအား ရှင်းလင်းဟောပြောသရုပ်ပြသပေးကြောင်းနှင့် ဟောပြောပွဲသို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၇၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)