ကျောက်ကြီး အောက်တိုဘာ ၁
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောကျော်မင်းဦး စီစဉ်ညွှန်ကြားမှုဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးနိုင်ဝင်း ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများနှင့်အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သော စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေးပြုလုပ်ရာတွင် ကျောက်ကြီးမြို့ ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များ၊ ခြုံနွယ်များ၊ မြက်များအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် အပင်ကြီးများ၏ ကျိုးကျလွယ်သည့် အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပိတ်ဆို့နေသည့် ရေမြောင်းများအား ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း၊ ဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင်ဆောင်ရွက်ပေးခြင်း၊ ထို့အပြင် ရန်ပြေမာန်ပြေဆုတောင်းပြည့် စေတီတော်တို့တွင် ရောင်တော်ဖွင့်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် အမှိုက်များ၊ မြက်များ ရှင်းလင်းသန့်စင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်ပေးမှုကြောင့် ထွက်ရှိလာသည့်အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဥ်ဖြင့် လိုက်လံသိမ်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)