ကွမ်းခြံကုန်း စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာလင်္ကာရည်ကျော်ရေးသားသည့် ကြိုးကြာတောင်ပံခတ်သံစာအုပ်အား (Youth Cloub) ဥက္ကဋ္ဌ ဦးသန်းမြင့်က ဦးဆောင်ဆွေးနွေးရာတွင် ဝတ္တုတွင် ဆက်သွယ်ရေးလမ်းပန်းခက်ခဲသော ချင်းတောင်ဒေသသို့ တာဝန်ဖြင့်သွားရောက်ထမ်းဆောင်သော ဆရာဝန်လူငယ်တစ်ယောက်အကြောင်း ရေးဖွဲ့ထားပါကြောင်း ရပ်ဝေးဒေသသို့ မိုင်ထောင်ချီခရီးကို အားမာန်အပြည့်ဖြင့် ဖြတ်သန်းနေကြသည့် ကြိုးကြာငှက်များနှင့်တင်စားကာ စွန့်လွှတ်သူဆရာဝန်တစ်ယောက်၏ ဘဝနှင့်အချစ်ရေးကို ပီပြင်စွာရေးဖွဲ့ထားသော ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ကြောင်း ဆွေးနွေးရာ တက်ရောက်လာသူများနှင့် အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှူခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (IPRD)