မန့်ဟီးရိုး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခရိုင်မှူးနှင့်တကွ တာဝန်ရှိကြသူများက မြို့ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ယမန်နေ့မွန်းတည့်(၁၂:၀၀)နာရီအချိန်က လာရောက်စစ်ဆေးခဲ့ပြီး ဌာနတိုးတက်ရေးတို့အတွက် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ထိုသို့ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မှူး ဦးအယ်လ်စိုးထန်တူးနှင့်တကွ ဦးစီးအရာရှိ ဦးသန်းဇော်ဦး၊ နမ့်ခမ်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းတို့က မန့်ဟီးရိုးမြို့ရုံး၏ လစဉ်လုပ်ငန်းဆောင်ရွက်ချက်များ၊ မြို့ရုံးပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/စာစောင်များနှင့် ရုံးစာအဝင်/အထွက်များစနစ်တကျထားရှိမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေ့စဉ် ဝန်ထမ်းရုံးတက်/ဆင်းစာရင်းများ၊ ရုံးသုံးပစ္စည်းများ စနစ်တကျထားရှိမှုတို့အပြင် လစဉ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကိုဆောင်ရွက်ထားရှိမှုနှင့် လစဉ်ရုံးသုံးခွဲဝေအသုံးစရိတ်များ ခွဲဝေအသုံးပြုမှုတို့ကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း မန့်ဟီးရိုးမြို့ရုံးဦးစီးမှူး ဒေါ်မာမာအောင်အား ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)