ပန်ဆိုင်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ကလေးများအား အသိပညာဗဟုသုတတိုးပွားစေရန်၊ အရောင်များကို ရွေးချယ်တတ်စေရန်နှင့် စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူရုပ်ခေါက်ပြိုင်ပွဲကို ယနေ့နံနက်(၁၀:၃၀)နာရီက ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲများတွင် အမက(၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေး(၁၀)ဦးတို့က ပျော်ရွှင်စွာဖြင့် လာရောက်ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)