ကြံခင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာမူလတန်းကျောင်း (၂) ကျောင်းအား ယာယီပိတ်ထား

ကြံခင်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာမူလတန်း ကျောင်း (၂) ကျောင်းအား ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ ဆုံလဲအုပ်စု ကျွန်းကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် သောကြာဒူး အုပ်စု အလယ်ကျွန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့အား စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၂ )ရက်နေ့အထိ ယာယီပိတ်ထားပြီး   ပြန်လည်အစားထိုးတက်ရောက်နိုင်ရေး သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား/သူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိပါကြောင်းနှင့် မြစ်ရေကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီးကျောင်းတွင်း/ ပြင်သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိ​ရေးနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)