ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

ကျိုက်ထို စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth  Club) တို့ ပူးပေါင်း၍ ဘုန်းမြင့်သွေး (သုတေသီ) ရေးသားသည့် “အောင်မြင်ကြီးပွားရေးနှင့်ကိုယ်ရည်ကိုယ်သွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Youth Club) အဖွဲ့ဝင် မနွယ်နီချိုက အဆိုပါစာအုပ်မှ အလိုအပ်ဆုံးမိတ်ဆွေခေါင်းစဉ်ကို လည်းကောင်း၊ အဖွဲ့ဝင်မခင်မော်ဦးမှ ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်တို့ကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)