အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေမြတ်နိုးသူလူငယ်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

အမ်း စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးနှင့်ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ ကျောင်းသား ကျောင်းသူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်း၊ စာဖတ်ဝိုင်းနှင့်တစ်ဆက်တည်း ကျောင်းသားအရွယ်လူငယ်များအား ကလေးအလုပ်သမား ပပျောက်စေရေးအတွက် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ကလေးအလုပ်သမားများ၏ အသက်အရွယ်ကလေး အလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မူများအားလည်းကောင်း ကဗျာဆရာ အမ္ဗနဒီသန်းကြွယ်က စာရေးဆရာဖေမြင့်ရေးသားသည့် စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုကိုရရှိလိုလျှင် ဆောင်းပါးပါအကြောင်းအရာများကိုလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က စာရေးဆရာ ညွန့်ဝေမိုးရေးသားသည့် အနာဂတ်ရိက္ခာ စာဖတ်ပါဆောင်ပါးပါ အကြောင်းအရာများကိုလည်းကောင်း စာကြည့်တိုက် လက်ထောက်-၃ ‌ဒေါ်ဌေးဌေးဝင်းက စာရေးဆရာပီမိုးနင်းရေးသားသည့် ဘာကြောင့်စာဖတ်သလဲဆောင်းပါးပါအကြောင်းအရာ များကိုလည်းကောင်း စာပေမြတ်နိုးသူလူငယ်များ မောင်ဝေယံ၊ မောင်ကောင်းထက်ကျော်၊ မတင်တင်မိုးနှင့် မတင်ဇာဝင့်ကျော်တို့က စာဖတ်ခြင်းအကျိုးနှင့် စာအုပ်စာပေထဲက အကျင့်နဲ့စာရိတ္တ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဖတ်ကြား ဆွေနွေးခဲ့ကြသည်။

ဆက်လက်ပြီး စာပေမြတ်သူလူငယ်များက သိရှိလိုသည်များအား မေးမြန်းကြရာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများမှ မေးမြန်းချက် အသီးသီးအား ဖြေကြားရှင်းလင်း​ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် စာပေမြတ်နိုးသူလူငယ်များသည် မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား လေ့လာကြည့်ရှုကြရာ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက စာစောင်ပါအကြောင်းအရာများနှင့် သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)