နတ်မောက်မြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၂၅)နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်း ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ

နတ်မောက် စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသက်(၂၅)နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်း ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၂)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အား/ကာမှူး ဦးခင်မောင်သွင်က ကျောင်းသား/ လူငယ်များ အခြေခံအားကစားနည်းများ တက်မြောက်ကျွမ်းကျင်စေရန်၊ အချင်းချင်း ပူးပေါင်းပါဝင်တတ်စေရန်၊  အနာဂတ်တွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာကျောင်းများမှ အသင်း(၅)သင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လှဝင်း