တောင်တွင်းကြီး စက်တင်ဘာ ၁၈
တောင်တွင်းကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများပေါများစေရေးနှင့် ဒေသတွင်းပြည်သူများ ငါးရိက္ခာများ ပိုမိုရရှိစားသုံးနိုင်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေနံနက် ၈ နာရီက ကန်တော်ကြီးကန်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကန်တော်ကြီးကန်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ သုံးသောင်းနှင့် ငါးခုံးမငါးသားပေါက် ကောင်ရေနှစ်သောင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ ငါးသောင်းကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)