နတ်မောက်မြို့ သန့်ရှင်းသာယာလှပစေရေး မြင်းလှည်းများအား မြင်းချေးခံအိတ် စနစ်တကျတပ်ဆင်မှုရှိ/မရှိ လိုက်လံစစ်ဆေး

နတ်မောက် စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပြီး မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြင်းလှည်းများအား မြင်းချေးခံအိတ်စနစ်တကျ တပ်ဆင်ထားရှိမှုရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ မြင်းလှည်းဂိတ်များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဈေးတာဝန်ခံများက မြင်းလှည်းဂိတ်များရှိ မြင်းလှည်းများအား မြင်းချေးခံအိတ်တပ်ဆင်မှုရှိ/မရှိ တပ်ဆင်ထားသော မြင်းချေးခံအိတ်များအား စနစ်တကျတပ်ဆင်ဆောင်ရွက်ရေး၊ သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်စေရေး၊ အများပြည်သူသွားလာရာ လမ်းမကြီးများပေါ်တွင် မြင်းချေးများ မကျရောက်စေရန် မြင်းလှည်းမောင်းသူများအနေဖြင့် စည်းကမ်းတကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး မြင်းနှင့်မြင်းလှည်းများရှိ မြင်းချေးခံအိတ်များအား စနစ်တကျတပ်ဆင်ထားရှိမှု/မရှိ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့တာဝန်ခံနှင့် ဈေးတာဝန်ခံတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း