အမ်း စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများနှင့် တပ်ရင်းတပ်မများရှိ စာကြည့်တိုက်များ စာကြည့်တိုက်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများနှင့် တပ်ရင်းတပ်မများရှိ စာကြည့်တိုက်များအား စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက်များ တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ကျွမ်းကျင်လုပ်ငန်းများ စနစ်တကျဆောင်ရွက်ခြင်းနှင့် စာ ကြည့်တိုက်များ ထွန်းကားဖွံ့ဖြိုးရေးအတွက် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်မများ စာကြည့်တိုက်များရှိ စာကြည့်တိုက်မှူးများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား ပို့ချသင်ကြားပေးခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာကြည့် တိုက်နှင့် ပါတ်သက်သည့် တာဝန်ဝတ္တရားများ၊ စာကြည့်တိုက်ရည်ရွယ်ချက်၊ စာ ကြည့်တိုက်အဓိပ္ပါယ်၊ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက် အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများနှင့် ပတ်သတ်၍လည်းကောင်း စာအုပ်များ စနစ်တကျ ထိန်းသိမ်းနည်းရှင်းလင်း ပို့ချသင်ကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုတင်က စာကြည့် တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ် ငန်းများဖြစ်သောမျိုးတူစုခွဲခြင်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ(နမှုနာ)၊ ရေးသွင်းခြင်း၊ စာငှားစနစ်တို့အား ရှင်းလင်းပို့ချ သင်ကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ဌေးဌေးဝင်းက စစ်ဆေးခြင်းနှင့် ထိမ်းသိန်းခြင်းလုပ်ငန်းများ၊ စာကြည့်တိုက်ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ သိသင့်သည့် အချက်းတို့ကို ရှင်းလင်းပို့ချသင်ကြားခဲ့သည်။
အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမ်းတပ်နယ်အတွင်းရှိ တပ်ရင်း တပ်မများရှိ စာကြည့်တိုက်များတွင် တပ်ရင်းတပ်ဖွဲ့ဝင်မိသားစုများ အသိအလိမ္မာနှင့် ပညာဗဟုသုတများ တိုးပွားရေးအတွက် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)