ကျောက်တော်မြို့လူ ထုအခြေပြုဗဟိုဌာ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်

ကျောက်တော်  စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က စာ​​ရေးဆရာ မခင်စောတင့်​ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ရှေ့ဦးစွာ ဒုတိယဦးစီးမှူး ‌ဒေါ်ခိုင်စန္ဒာထွန်း ကစာဖတ်ဝိုင်း​ပြုလုပ်ရ​ခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကို စတင်ပြုလုပ်ရာ အဖွဲ့ဝင် ဦးသန်းရွှေက စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု စာအုပ်မှ လမ်းလျှောက်ထွက်​ကြမယ်​ခေါင်းစဥ်​ဖြင့်လည်း​ကောင်း၊​ မခင်သန်းက မွေး​မေ​မေနှင့်​ကျွေး​မေ​မေ ခေါင်းစဥ်​ဖြင့် အသီးသီးဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက် မြို့ဦးစီးမှူး ဒေါ်ဒုတိယဦးစီးမှူးက စာဖတ်ပရိသတ်များ၏ ဆွေးနွေးချက်များအပေါ်ပြန်လည်​  ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း