မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီတို့တွေ့ဆုံ၊ အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေး

မန္တလေး   စက်တင်ဘာ ၂၈

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအားကစားဆပ်ကော်မတီတို့သည် ယမန်နေ့ညနေ ၅ နာရီက မန္တလေးမြို့ရှိ Hotel Queen ရှင်စောပုခန်းမတွင် တွေ့ဆုံကာ အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက အပြန်အလှန် မိတ်ဆက်ကြပြီး မိမိတို့၏လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များ အသီးသီးရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် အမျိုးသမီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးအကြံပြုကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း၊ အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါ်ရီရီဝင်း၊ ဒေါ်ခင်ညိုနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သောင်းစိုး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန္တာဘုန်းဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)