နတ်မောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

နတ်မောက် စက်တင်ဘာ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အရင်းမပျောက်မတည်ချေးငွေများ ထုတ်ချေးပေးရာတွင် နိုင်ငံအတွင်းရှိ အသေးစား၊အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းများတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး၊ နိုင်ငံတော်မှ ယခုကဲ့သို့ မတည်ပေးခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ နတ်မောက်မြို့နယ်အတွင်းရှိ အသေးစားမွေးမြူရေးများဖြစ်သည့် နွားမွေးမြူရေးလုပ်ငန်းရှင်(၈)ဦး၊ ဝက်မွေးမြူရေးလုပ်ငန်းရှင်(၁၀)ဦးနှင့် ကြက်မွေးမြူရေးလုပ်ငန်းရှင်(၇)ဦး စုစုပေါင်းမွေးမြူရေးကဏ္ဍတွင် လျှောက်ထားသူ(၂၅)ဦးတို့အား ငွေကျပ် (၁၀၁.၀၀၀)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှဝင်း