လောက်ကိုင် စက်တင်ဘာလ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ကိုးကန့်လူမျိုးတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် စက်တင်ဘာလ၂၉ရက် လပြည့်နေ့တွင် ကျရောက်မည့် လမုန့်စားပွဲတော်ကို ကြိုဆိုသောအားဖြင့် လောက်ကိုင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလီကုမ္မဏီအုပ်စု (Hanley Group)မှ ကျင်ဂျန်းဝင်းအတွင်းရှိ ကြယ်စငကွင်းပြင်တွင် တိုင်းရင်းသားရိုးရာအကအလှများ၊ Hanley Music Bandနှင့် Hanley Dance Studioတို့မှ သီဆိုကပြဖော်ဖြေမှုများ၊ ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပွဲတော်ကို စက်တင်ဘာလ ၂၅ရက်နေ့မှ ၂၉ရက်နေ့ထိ (၅)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်လည်ပတ် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)