မိုင်းယောင်း စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ညဉ့်အိပ်ညဉ့်နေ လာရောက်သူများ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို ယမန်နေ့ ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နှင့် တည်းခိုခန်းများတွင် ညဉ့်အိပ်ညဉ့်နေ လာရောက်တည်းခိုသည့် ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာသို့ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို စစ်ဆေးပြီးတည်းခိုခန်းမှ တာဝန်ရှိသူများအား ညဉ့်အိပ်ညဉ့်နေ လာရောက်တည်းခိုသော ဧည့်သည်များရှိက စနစ်တကျ ဧည့်စာရင်းတိုင်ကြားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)