ပေါက်ခေါင်း စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ကင်မွန်းခြုံကျေးရွာနှင့် ဆင်ဖြူကန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ရှင်းလင်းပြောကြားပြီး ကင်မွန်းခြုံကျေးရွာ အသင်းသားများအတွက် မြစိမ်းရောင်စီမံကိန်း ချေးငွေ(၃၅၂)သိန်း၊ ဆင်ဖြူကန်ကျေးရွာ အသင်းသားအတွက် (၄၀၆)သိန်း၊ စုစု ပေါင်း(၇၅၈)သိန်းကို ထုတ်ချေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စျေးရောင်းစျေးဝယ်လုပ်ငန်းများ၊ အသေးစားလုပ်ငန်းများစသည့် လုပ်ငန်းများလုပ်ကိုင်ပြီး ရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာအတွင်း လိုအပ်လျက်ရှိသည် လမ်းများ၊ တံတားများ၊ ရေရရှိရေး၊ မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)