ကျိုက်ထိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေပေးအပ်ပွဲကျင်းပ

ကျိုက်ထို စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဘာမှိုင်းရုံလုပ်ငန်းရှင်အား  ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက  ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးဝင်းဘိုက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးဦးစီးဌာန၏ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် အဆင့်မြင့်ရော်ဘာပြားများ ထုတ်လုပ်မှုကုန်ကျစရိတ်ကို မျှဝေခြင်းဖြင့် အဆင့်မြင့်ရော်ဘာ မှိုင်းရုံလုပ်ငန်းရှင်များ အကျိုးအမြတ်ပိုမိုရရှိနိုင်ရန်၊ အဆင့်မြင့်ရော်ဘာပြားများ ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံခြားငွေများ ပိုမိုရရှိရန်ရည်ရွယ်၍ ချေးငွေပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ကျိုက်ထိုမြို့၊ အောင်သီရိမြိုင်ရပ်ကွက်ရှိ အားမာန်သစ်ရော်ဘာမှိုင်းခံ လုပ်ငန်းရှင် ဦးဌေးအောင်အား  ချေးငွေကျပ်သိန်း (၁၀၀၀) ကိုပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)