နောင်ချို စက်တင်ဘာ ၂၈
နေပြည်တော်၊ ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်ဆရာတော် ဦးဇောတိဝရမှ အာဟာရဒါနနှင့် ပညာဒါနအဖြစ် မုန့်နှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှေ့မျက်နှာစာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် ဆရာတော် ဦးဇောတိဝရဦးဆောင်၍ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဩကာသဘုရားကန်တော့ချိုးဖြင့် မြတ်စွာဘုရားရှင်အား ရှိခိုးကန်တော့ခဲ့ကြပြီးနောက် လှူဒါန်းပွဲကို ဆက်လက်ပြုလုပ်ရာ ဆရာတော် ဦးဇောတိဝရက မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၇၀)ဦးအား သင်ထောက်ကူပစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ရေချိုးဆပ်ပြာ အမွှေးခဲများကို ပေးအပ်လှူဒါန်းခဲ့ပြီး အာဟာရမုန့်များ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)