သင်္ဃန်းကျွန်း စက်တင်ဘာ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်းကာ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာမောင်မောက်(၀တ်လုံ)က "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာစုအားဖတ်ပြဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက "လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ ''သူတို့ရေးတဲ့ပေးစာလေးတွေ၊ "သူတို့ပြောတဲ့ မြန်မာအကြောင်း" စသည်တို့ကိုဖတ်ပြကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခရိုင် (ပြန်/ဆက်)