ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ယာယီခိုလှုံရာစခန်းမှ နေရပ်ပြန်တိုက်ပွဲရှောင် အိမ်ထောင်စုများသို့ ဆန်ရိက္ခာဖိုးငွေထောက်ပံ့

ပုဏ္ဏားကျွန်း အောက်တိုဘာ ၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုံယာယီခိုလှုံရာသခန်းမှ နေရပ်ပြန်တိုက်ပွဲရှောင်အိမ်ထောင်စုများသို့ နယ်စပ်ဒေနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်မတွင် ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန် ယာယီခိုလှုံရာစခန်းတွင် နေထိုင်ခဲ့သော သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာတို့မှ နေရပ်ပြန်တိုက်ပွဲရှောင် အိမ်ထောင်စု ၁၄၀ စု၊ လူဦးရေ ၅၃၂ ဦးတို့အတွက် နယ် စပ်ရေးရာဝန်ကြီးဌာန၊ နယ် စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး တစ်လစာအတွက် ထောက်ပံ့ငွေကျပ် ၄၇,၈၈၀၀၀ိ/-ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ သာစည်ကျေးရွာမှ အိမ်ထောင်စု ၉၃ စုနှင့်ကျောက်ဆိပ်ကျေးရွာမှ အိမ်ထောင်စု ၁၇၈ စုအတွက် တစ်လစာဆန်ရိက္ခာဖိုးငွေများကို သက်ဆိုင်ရာ တိုက်ပွဲရှောင် နေရပ်ပြန်အိမ်ထောင်စုများထံသို့ တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)