ညောင်ဦး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိ ဌာနပိုင်ထရန်စဖော်မာများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့်သန့်ရှင်းသပ်ရပ်စေရေး ပုဂံမြို့ လျှပ်စစ်မန်နေဂျာရုံးမှ အောက်တိုဘာ ၅ ရက်၊ နံနက်ပိုင်းအချိန်မှစတင်ကာ ထရန်စဖော်မာရှိ 4C 99mm2 များလေဒဏ်မိုးဒဏ်ကြောင့် အက်ကွဲနေသည့်အတွက် ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ လေဒဏ်မိုးဒဏ်ကြောင့် ထရန်စဖော်မာရှိ 4C 99mm2 လေဒဏ်မိုးဒဏ်ကြောင့်အက်ကွဲနေရာ လျှပ်စစ်မီးပုံမှန်ရရှိစေရေး ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း၊ ပုဂံမြို့အတွင်းရှိဌာန ပိုင်ထရန်စဖော်မာများ ဥပတိရုပ်ကောင်းမွန်စေ ရေး၊လျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် ထရန် စဖော်မာဝင်း အတွင်းသန့်ရှင်းရေးအတွက် ဓာတ်တိုင်၊ ဓာတ်ကြိုးများပေါ်တက်နိုင်သည့် နွယ်ပင်များ၊ ဓာကြိုးများဖြင့် မလွတ်ကင်းသည့် သစ်ကိုင်းများ၊ ပုဂံမြို့လယ်ထရန်စဖော်မာများ၊ ပုဂံမြို့ သစ်ဈေးအနီးရှိ ထရန်စဖော်မာများ သန့်ရှင်းရေးပြုလုပ်ခြင်းကို ပုဂံမြို့လျှပ်စစ်မန်နေဂျာ ဦးသန်းထိုက်ဦးနှင့် လျှပ်စစ်ဝန်ထမ်းများက သစ်ကိုင်းများခုတ်ခြင်း၊နွယ်မြက်၊ သစ်နွယ်များခုတ်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာများ ဥပတိရုပ်ကောင်းမွန်စေရေးသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း