သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ (World Teacher's Day ) အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Oct 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ (World Teacher's Day ) အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မိုင်းယုမြို့၊ ရပ်ကွက်/ကျေးရွာများသို့ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်များ ကွင်းဆင်းထုတ်ပေး
Oct 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဝန်ကြီးဌာနမှ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UIDနံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ စာရင်းကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တမူးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ
Oct 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ(၅) ရက်နေ့ နံနက်(၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားသည့် နေရာများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု
Oct 05,2023
မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့် ရေတိုက်စားခဲ့သည့် နေရာများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အ.ထ.က(မိုးညို)၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်‌ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်
Oct 05,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမဆောင်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ
Oct 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၅)နှစ်နှင့် အထက် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က ( ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ပေါင်ပုတ်လက်ပုတ်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Oct 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျွန်းဦးကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။