မိုင်းရယ် အောက်တိုဘာ ၅
မိုင်းရယ်မြို့နယ်တွင် မှတ်ပုံထားသည့် ပါတီသုံးခုမှ ပါတီဝင်အင်အားစာရင်းများ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးစိုးမင်းအောင်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်လဝကနှင့် ရပ်ကွက်/ကျေးရွာ စာရေးများအနေဖြင့် ပါတီဝင်အင်အား စာရင်းများကို သေချာမှန်ကန်စွာစိစစ်၍ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ စိစစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မှာကြားဆောင်ရွက်သည်။
မိုင်းရယ်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသည့် ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့ဖြစ်ပြီး ပါတီဝင်အင်အားစုစုပေါင်း (၅၆၆)ဦး ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်လဝက၊ ရပ်ကွက်နှင့်ကျေးရွာ စာရေးများ နှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ကျော်ဇင်ထိုက်