သတင်းများ

ကျောက်ဆည်မြို့နယ် ကင်းကျေးရွာတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတောင်သူ ဦးသန်းအောင်၏ ကွင်းအမှတ်(၂၅၄-က)တွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ကသာမြို့၌ (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ကျောင်းသူလေးများအား ထိုးနှံပေး
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့တော်ခန်းမ၌ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သည့် ကျောင်းသူလေးများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်းပူ‌ဇော်ပွဲ
Oct 09,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်း ပူ‌ဇော်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟို (မြို့မ) ကျောင်းတိုက်၌ လှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၌ ကျောင်းဆောင်သစ်တည်ဆောက်ရေး ပထမအကြိမ်မြောက် မတည်အလှူငွေပေးအပ်ပွဲ ကျင်းပ
Oct 09,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ သာသနာ့ရက္ခိတ ကျောင်းတိုက်ဝင်အတွင်း အသစ်တည်ဆောက်သွားမည့် “အာသောက” ကျောင်းဆောင်သစ် တည်ဆောက်လှူဒါန်းနိုင်ရေး ပထမအကြိမ်မြောက် မတည်အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတိုက်ဝင်းအတွင်းရှိ ယာယီမဏ္ဍာပ် တွင် ကျင်းပပြုခဲ့သည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ကန့်ဘလူမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၅ ရက်နေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့  ဘရောက်ရှိရာ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့‌ငွေများပေးအပ်ကာ အလျား - ၁၄၀ ပေ၊ အနံ - ၃၀ ပေ၊ RCC ၃ ထပ်ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
 ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ် (ပထမအကြိမ်) ဒီပလိုမာအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ်ကျောင်းအုပ် ဧရာရွှေမြေဆရာတော် ဒေါက်တာအရှင်ဥတ္တမသိရီ သက်တော် (၅၀) နှစ်ပြည့် ရွှေရတုဝိဇာတမွေးနေ့မင်္ဂလာနှင့် ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ် (ပထမအကြိမ်) ဒီပလိုမာအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့နံနက် (၉) နာရီက အမှတ် (၁) ရပ်ကွက်၊ စကားဝါလမ်း၊ တောကျောင်းတိုက်၊ ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားနှင့် ကန့်ဘလူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွ
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၅)ရက်နေ့၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။