ကန့်ဘလူ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကန့်ဘလူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က သင်တန်းတက်ေရာက်သူ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူပြီး လုပ်ငန်းခွင်နယ်ပယ်တွင် အကျိုးရှိထိရောက်စွာအသုံးချစေပြီး ကြိုးစားသင်ယူကြစေလိုကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နည်းပြဦးမျိုးကိုကိုအောင်နှင့်ဦး သော်ဇင်ဦးတို့ကအောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ နေ့လည်၁၂:၃၀မှ ၁၄:၃၀နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးအား အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)