သတင်းများ

မြင်းမူမြို့နယ်တွင် မိုးစပါးဧက လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ယခုနှစ် မိုးရာသီတွင် မိုးစပါးဧက (၁၂၁၀၆)ကို   စိုက်ပျိုးရန်လျာထားခဲ့သော်လည်း စိုက်ဧက(၁၃၈၀၇)ထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် (၁၇၀၁)ဧက   ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
လူငယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရေးအတွက် Youth Club နှင့် စာဖတ်ဝိုင်း ကျင်းပ                                                       
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မြဲစေ‌ရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက စာရေးဆရာ အောင်သင်းနှင့် ကလောင်စုံ ရေးသားသည့် “လူငယ်နှင့်ဘဝတန်ဖိုး” စာအုပ်အား လူငယ်လူရွယ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၃) ဖွင့်လှစ်
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အခြေခံကွန်ပျူတာသင်တန်း(၂/ ၂၀၃) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊အမှတ်(၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Oct 09,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို  ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
မြိတ်မြို့ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Oct 09,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂ /၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရမည်းသင်းမြို့နယ်၌ အသိပညာပေးဟော​ပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျွဲတပ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ" ကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။