တနိုင်း အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်း ပူဇော်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟို (မြို့မ) ကျောင်းတိုက်၌ လှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်းရှိ သံဃာအပါး (၁၄၀) တို့အား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဗိုလ်မှူးချုပ် မြတ်မင်းမိုးနှင့်ဇနီး၊ တပ်ရင်း၊ တပ်ဖွဲ့မိသားစု (၁၂) ဖွဲ့တို့က သံဃဒါနသလာက ဘတ္တစာရေးတံမဲ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ဆရာတော်သံဃာတော်များထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားများ နာယူခြင်း၊ လှူဖွယ် ပစ္ဓည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့မကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒနာလင်္ကာရထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အနုမောဒနာတရား နာယူ၍ အမျှအတန်းပေးဝေခဲ့ ကြကြောင်း သိရသည်။
မနောမြေ (တနိုင်း)