စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ကန့်ဘလူမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ အောက်တိုဘာ ၉        

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၅ ရက်နေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်းသို့  ဘရောက်ရှိရာ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့‌ငွေများပေးအပ်ကာ အလျား - ၁၄၀ ပေ၊ အနံ - ၃၀ ပေ၊ RCC ထပ်ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးကျောင်းတိုက်သို့ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ့ ဆေးကုသမှုခံ ယူနေသောလူနာများအား အဟာရဖြည့်စွက်စာများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံဝန် ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး (ပြန်/ဆက်)