မက်မန်းမြို့နယ်တွင် နို့စားကျွဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးပညာပေးဟောပြောပွဲကျင်းပ
Oct 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသတွင်းမွေးမြူရေးဖွံ့ဖြိုးရန်၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေန် ရည်ရွယ်၍ နို့စားကျွဲ မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့၊ ကွန်ဟောင်း ကျေးရွာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သွားရောက် အသိပညာပေး ဟောပြောခဲ့သည်။