ဥတ္တရသီရိ ဇူလိုင် ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/နေပြည်တော်ကောင်စီ(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းခွင်များကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ အင်ဂျင်နီယာများ၊ ဥတ္တရခရိုင်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ တာဝန်ရှိ အင်ဂျင်နီယာများသည် တင်ဒါအောင်ကုမ္ပဏီများနှင့်အတူ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ် ဥတ္တရသီရိမြို့နယ်အတွင်း ပြည်ထောင်စု/နေပြည်တော်ကောင်စီ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ မဆောင်ရွက်မီ မူလလမ်း/တံတားအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီဆောင်ရွက်ပြီးစီးနိုင်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)