လောင်းလုံး အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယမန်နေ့ညနေ (၃) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကလေးလုပ်သားဆန့်ကျင်ရာတွင် အလုပ်ရှင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဘေးအန္တရာယ်ရှိသော ကလေးလုပ်သားဟူသည်၊ ကလေးလုပ်သားတိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများ၏ အကြောင်းပြချက်(၃)ချက်၊ မြန်မာနိုင်ငံကလေးအလုပ်သားပပျောက်ရေး ဥပဒေနှင့်စည်းမျဥ်းစည်းကမ်းချက်များ၊ အလုပ်ရှင် အဖွဲ့အစည်းများအားဖြင့် လုပ်ဆောင်ချက်များ၊ လူမှုရေးအပြန်အလှန်ဆွေးနွေးမှုကို အားကောင်းလာစေခြင်းစသော အကြောင်းအရာများဖြင့် ပါဝင်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)