ဗဟန်း အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက်တွင် အထွေထွေရောဂါကုဆရာဝန်ကြီးများနှင့် ဓာတ်မှန်ဆရာဝန်များ၊ ဆီးချိုသွေးတိုး၊ နှလုံးကုသရေးဆရာဝန်များစုပေါင်း၍ ဦးချစ်မောင်လမ်းရှိ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိကွင်းဆင်း၍ ကုသပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆရာဝန်ကြီးများက အထွေထွေရောဂါ၊ တီဘီရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါတို့ကို အခမဲ့စစ်ဆေးဆောင်ရွက်ပေးပြီး ဓါတ်မှန်အခမဲ့ရိုက်ပေးခြင်းများကို ပြည်သူများအား ၁၀-၁၀-၂၀၂၃ ရက်နေ့ထိ (၂)ရက်တိုင် ကွင်းဆင်းဆောင်ရွက်ပေးသွားကြမည်ဖြစ်သည်။
အဆိုပါကွင်းဆင်းကုသရေးအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရပ်မိရပ်ဖများက လိုအပ်သည်များ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်