တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံ‌တွင် ဖွင့်လှစ်သင်ကြားနေသည့် အရန်သားဖွား (၆) လသင်တန်း တက်ရောက်သင်ကြားနေသည့် သင်တန်းသူများအားတွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်

ကော့သောင်း အောက်တိုဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ (၂) မိုင် ပြည်သူ့ဆေးရုံတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သော အရန်သားဖွား (၆)လသင်တန်းတွင် တက်ရောက်နေကြသည့် ကော့သောင်းခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ထိုသို့အားပေးစကားပြောကြားရာတွင် ယခုသင်တန်းသို့ တက်ရောက်နေသည့် သင်တန်းသူများအနေဖြင့် မိမိတို့ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့်ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မိမိသင်ယူတက် မြောက်ထားသည့်ပညာရပ်များဖြင့် ကူညီစောင့်ရှောက်မှုပေးရန်လိုအပ်ကြောင်း၊ မြိုနှင့်အလှမ်းဝေးကွာသည့် ကျွန်းများတွင်‌နေထိုင်သည့် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တက်စွမ်းသလောက် ကူညီစောင့်ရှောက်မှုပေးနိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူလုထုအကြား ပေါင်းကူးချိတ်ဆက်ကူညီဆောင်ရွက်ရ‌သည်မှာ အရန်သားဖွာဆရာမများ၏ ပဓာနအကျဆုံး တာဝန်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ရပ်ရွာအတွက် မိမိတို့တတ်မြောက်သည့်ပညာရပ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက သင်တန်းသူများအတွက်ဆန် (၆)ပြည် အိတ်(၂၀)အိတ်၊ ဆီ ၁ လီတာဗူး(၃၆)ဗူး၊ ကြက်ဥ (၃၀)လုံးပါ (၂၀)ကဒ်တို့ကို‌ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)