မိုင်းယောင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြား

မိုင်းယောင်း ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ရပ်ရွာနေ ပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ သက်ဆိုင်သူ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြားနေမှုကို ယမန်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ တပ်နယ်/တပ်ရင်းမှ တာဝန်ရှိသူများက အ.လ.က-ခွဲ(ဝမ်ကောင်း)ကျောင်းနှင့် အ.လ.က (တပ်တွင်း)ကျောင်းတို့၌ လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များက .မ.က(ဝမ်ပုံ)ကျောင်းနှင့် အ.မ.က (ဝမ်ဘန်း)ကျောင်းတို့၌လည်းကောင်း အခြေခံမြန်မာစာဘာသာရပ်၊ အခြေခံသင်္ချာဘာသာရပ် များ သင်ကြားနေမှုကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စာတတ်မြောက်ရေးလုပ်ငန်းသင်တန်းကို မိုင်းယောင်းမြို့နယ်တွင် ရက်ပေါင်း ၄၀ ကြာ ဆောင်ရွက်မည်ဖြစ်၍ ဒီဇင်ဘာ ၂၀ ရက်က စတင်ကာ စုစုပေါင်းစာသင်ဝိုင်း ၄၃ ဝိုင်းဖြင့် နေ့စဉ် ညနေ ၅ နာရီမှ ည ၈ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း