စလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်(နောက်ဆက်တွဲ)ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

စလင်း  ဒီဇင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ(၂၃)ရက်နေ့မှ စတင်၍ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သင်ရိုးသစ်ဆင့်ပွားသင်တန်းကို ၂၀၂၂-၂၀၂၃ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ကျင်းပပြုလုပ်ပြီးဖြစ်ရာ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း Grade-5 မြို့နယ်အဆင့်(နောက်ဆက်တွဲ)ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ(၂၃)ရက်နေ့မှ ဒီဇင်ဘာ(၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း Grade-5 မြို့နယ်အဆင့်(နောက်ဆက်တွဲ)ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းမှာ KG to Grade-5 အသီးသီးရှိ ပညာရပ်တွေအား လေ့လာသင်ယူပြီး မိမိသင်ကြားရမည့် ဘာသာရပ်များအားလုံးကို စနစ်တကျ သင်ကြားပို့ချနိုင်စေရန် ပညာရေးစွမ်းရည်များမြင့်မားလာစေရန် မူလတန်းအဆင့် ဆရာ/ ဆရာမများအားလုံး Grade-သင်ရိုးသစ်များအား ကျွမ်းကျင်စွာတတ်မြောက်၍ ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ပြန်လည်သင်ကြားပို့ချနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှင်သင်ကြားပို့ချရခြင်းဖြစ်ကြောင်း အဆိုပါသင်တန်းတွင် သင်တန်းမှူးနှင့် ရုံးအဖွဲ့များ သင်တန်းဆရာ(၁၈)ဦးတို့ဖြင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ စုစုပေါင်း(၃၈၆)ဦး တက်ရောက်ကြကြောင်း စလင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

(မောင်လွင်)စလင်း