မုဒုံ ဒီဇင်ဘာ ၂၅
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မုဒုံမြို့)တွင် ယနေ့ နံနက် ၁၀ နာရီက လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင် တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်စေရန် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပေးခဲ့သော နည်းပညာများကို မိမိတို့လက်တွေ့နယ်ပယ် အသီးသီးတွင် လက်တွေ့အသုံးချကာ ပိုမိုကျွမ်းကျင်တတ်မြောက်အောင် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာမများက ဆပ်ပြာရည်အမျိုးမျိုးဖြစ်သည့် အဝတ်လျှော်၊ ပန်ကန်ဆေး၊ လက်ဆေး၊ ရေချိုး၊ ဘက်စုံသုံး၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ဖြင့် ရက်သတ္တပတ်တစ်ပတ်ကြာ သင်တန်းသူ (၁၇) ဦးတို့ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)