နောင်မွန်း ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုရန်ပုံ ငွေနှစ်လွန်ခွင့်ပြု ငွေဖြင့်ဝယ်ယူခဲ့သော ဆီမုန့်ညှင်းမျိုးစေ့နှင့် ကွန်ပေါင်းဓါတ်မြေဩဇာများအား ကချင်ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့်တောင်သူများထံသို့ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲချိန်က နောင်မွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝဏ္ဏကျော်ထင် ဦးဂူရှင်ဖုန်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌဦးနမ်ရဲမင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်အောင်က တောင်သူများ အားတောင်သူအသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများအား တာဝန်ရှိသူအသီးသီးက ဆီမုန့်ညှင်း မျိုးစေ့တင်း (၈၀)နှင့်ကွန်းပေါင်းဓါတ်မြေဩဇာ (၁၅:၁၅:၁၅)၊ (၄၀)အိတ်ကို ပေးအပ်ခဲ့သည်။
ဖြူစင်