မိုင်းယောင်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အစည်းအဝေးကျင်းပခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့လုံခြုံရေးဆိုင်ရာအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဒေသဖွံ့ဖြိုးတိုးတက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း