လမ်းမတော်မြို့နယ်၌ လူငယ်စာဖတ်ဝိုင်းပြုလုပ်

လမ်းမတော် ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က  ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ဦးစွာ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က  စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲပြီး၊ စာရေးဆရာဖေမြင့်ရေးသားသည့် "ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" စာအုပ်မှ အခန်း(၁)ပါ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း ဆောင်းပါးကိုဖတ်ကြားဆွေးနွေးသည်။ ထို့နောက် ကျောင်းသား မောင်းကောင်းမြတ်မင်းက ဆောင်းပါးတွင်ပါရှိသည့် "အစပထမတွင် ကျွန်တော်တို့ စာဖတ်ကြရာ၌ ရည်ရွယ်ချက်ဟူ၍ မည်မည်ရရမရှိ။ စိတ်ဝင်စား၍ဖတ်ခြင်း၊ နှစ်သက်၍ ဖတ်ခြင်းမျိုးသာဖြစ်ခဲ့၏။ ထို့ပြင်ဖတ်ရှုသောစာအုပ်စာတမ်းနှင့် စပ်လျဥ်း၍လည်း အရွေးအချယ်မရှိ၊ နီးစပ်ရာ ထိတွေ့မိရာစာစောင်ကို ကောက်ယူလှန်လှောဖတ်ရှုခြင်းမျိုးဖြစ်၍ စိတ်ဝင်စားလျှင် ဆက်ဖတ်ပြီး စိတ်မဝင်စားလျှင် ပြန်ချထားခဲ့ခြင်းမျိုးသာ ဖြစ်၏။ နောင်တွင်မူ စာဖတ်ရာ၌ ရွေးချယ်မှုရှိလာသည်" စသည်ဖြင့်စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့ဖတ်မှတ်မိသမျှ စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)